banner

Accident Reconstruction - ယာဉ်တိုက်မှု ပြန်လည်တည်ဆောက်ခြင်း


Collision Reconstruction ဆိုတာဘာလဲ?
    ယာဉ်တိုက်မှုမဖြစ်မီ၊ ကာလအတွင်းနှင့် ယာဉ်တိုက်မှုအပြီးတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို နားလည်ရန်အတွက် telematics နည်းပညာ ဖြင့် ယာဉ်တိုက်မှုအား ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းစဉ် ဖြစ်သည်။

    Telematics ဒေတာသည် တိကျပြီး သိပ္ပံနည်းကျမှတ်တမ်းတစ်ခု ပေးဆောင်သောကြောင့် အလွန်တန်ဖိုးရှိပြီး။ ၎င်း Data များ သည် သင့်အား နှုတ်မှထွက်ဆိုချက်ထက် ကျော်လွန်နိုင်စေနိုင်ပါသည်။ ဒေတာ၏ အသေးစိပ်ဖော်ပြမှုသည် ယာဉ်တိုက်မှုနှင့်ပတ်သက်သော အကြောင်းအရာများစွာကို ပြောပြနိုင်သည်။ Telematics သည် ယာဉ်မောင်း သို့မဟုတ် မော်တော်ယာဉ် အတွက် ဖြစ်ပျက်ခဲ့သည့်ပုံစံများကို ပြန်လည်ကြည့်ရှုနိုင်သောကြောင့် ပိုမိုကျယ်ပြန့်သော ရှုထောင့်အမြင်ကို ရရှိစေပါသည်။ 

    MyGeotab သည် Trips History၊ Collision and Log Data၊ Speed Profile နှင့် Accelerometer နှင့် RPM ဂရပ်များအပါအဝင် ယာဉ်တိုက်မှုပြန်လည်တည်ဆောက်မှုအတွက် အရေးကြီးသော မတူညီသောဒေတာအမျိုးအစားများစွာကို အသုံးပြုတည်ဆောက်သည်။

    ဤဒေတာများကို ပြန်လည်သုံးသပ်ပြီး ခွဲခြမ်းစိတ်ဖြာခြင်းဖြင့်၊ ယာဉ်တိုက်မှု၏ အဖြစ်အပျက်များကို သင်ကိုယ်တိုင် ယာဉ်တိုက်ခြင်းကို အတည်ပြုနိုင်ပါသည်။

    ဤပို့စ်တွင် ယာဉ်တိုက်မှု ပြန်လည်တည်ဆောက်ခြင်းဆိုင်ရာအတွက် ခြုံငုံသုံးသပ်ချက် များပါဝင်သည်။

ယာဉ်တိုက်မှု ဒေတာများအား MyGeotab တွင် ပြန်လည်သုံးသပ်ခြင်း

Map & Trips History    - မြေပုံပေါ်တွင် အဖြစ်အပျက်၏ နေ့ရက်၊ အချိန် နှင့် တည်နေရာ ကိုစသည်တို့ကိုပြသပြီး ဖြစ်ပွားသည့်နေရာသည် လမ်းဆုံလမ်းဝ သို့မဟုတ် ကားရပ်နားရန်နေရာ အစရှိသော အဖြစ်အပျက်နှင့်ပတ်သက်သည့် အကြောင်းအရာ အချက်အလက်များ ကို ပေးမည်ဖြစ်သည်။ Satellite ကို ပြောင်း၍လည်း ပိုမိုအသေးစိတ်သော မြင်ကွင်း ကိုကြည့်ရှုနိုင်သည်။


Collision & Log Data  -  Engine Data နှင့် Acceleration မှအချက်အလက်များသည် ဂရပ်ဖစ်ပုံများတည်ဆောက်ရန်အတွက် ပံ့ပိုးပေးသည်။ ဝင်ရောက်အသုံးပြုရန် အတွက်၊ 

Engine & Maintenance > Engine and Device > Measurements

Engine & Maintenance > Engine and Device > Measurements. သို့ သွားပါ။


Measurements_Graph.jpg


Speed Profile             - ယာဉ်၏ real-time အမြန်နှုန်းပြ Graph အသေးစိတ်ကိုကြည့်ရန်အတွက် Activity > Speed Profile သို့သွားပါ။

Activity > Speed Profile


Figure_Speed_Graph.jpg


Accelerometer Graph - Engine Data နှင့် Acceleration မှအချက်အလက်များသည် ဂရပ်ဖစ်ပုံများတည်ဆောက်ရန်အတွက် ပံ့ပိုးပေးသည်။ ဝင်ရောက်အသုံးပြုရန်အတွက် 

Engine & Maintenance > Engine and Device > Measurements

Engine & Maintenance > Engine and Device > Measurements. သို့ သွားပါ။


Figure_Acceleration_Graph.jpg

RPM Graph                  - အသုံးပြုရန်အတွက် Engine & Maintenance > ENgine and Device > Measurements သို့သွားပါ။ vehicle နှင့် time ကိုရွေးပါ၊ ပြီးနောက် Engine speed ဘေးတွင်ရှိသော အနီရောင် Graph ကိုနှိပ်ပါ။

Figure_RPM_Graph.jpg


Data Accuracy ( ဒေတာ တိကျမှု )

    GPS ကိုဩဒိနိတ်များသည် မည်သည့် ဦးတည်ရာမဆို 2.5 မီတာအထိ တိကျသည်။ အမြန်နှုန်းသည် 0.52 m/s အထိ တိကျသည်။ Geotab ၏ မျဉ်းကွေးလော့ဂျစ် စစ်တမ်းများသည် 300 Hz error rate ဖြင့် ကောက်ယူပြီး တိုက်မှု အဆင့်ဖြစ်ရပ်တွေ့ရှိသောအခါ၊ 100Hz နှုန်းဖြင့် ပြန်လည်ကောက်ယူသည်။

    အလိုအလျောက်ထုတ်ပေးသော အစီအရင်ခံစာများတွင် အမှားအယွင်းဖြစ်စေနိုင်သော နည်းလမ်းများစွာလည်း ရှိသည်။ အရှိန်၊ အမြန်နှုန်းနှင့် GPS တည်နေရာကဲ့သို့သော အစီအရင်ခံစာပါ တိုက်ရိုက်တိုင်းတာသည့် ပမာဏအချို့သည် ၎င်းတို့၏ ပုံမှန်မဟုတ်သည့် အခြေအနေများတွင် တိုင်းတာမှုအမှားအယွင်းများ ပါလာတတ်သည်။ အကြောင်းသက်ရောက်မှု အချက်များကြောင့် ရရှိလာသော ပမာဏများသည် ဖြစ်နိုင်ချေ တွက်ချက်မှု အမှားအယွင်းများ ရှိနေနိုင်သည်။


တိကျမှု :

GPS (တည်နေရာ): 2.5 m
Speed (အမြန်နှုန်း): 0.52 m/s
Curve Logic: 300 Hz error rate နှင့် ကောက်ယူနေပြီး တိုက်မှုကို သိရှိပါက 100 Hz ဖြင့်ပြန်လည်ကောက်ယူသည်။

Basic Procedure

    ယေဘုယျအားဖြင့်၊ MyGeotab တွင် ယာဉ်တိုက်မှုတစ်ခုကို ပြန်လည်တည်ဆောက်ရန်၊ သင်သည် ဤအဆင့်များကို လုပ်ဆောင်ရပါမယ် :

  1. ခရီးစဉ်မှတ်တမ်း (Trips history) ထဲ ယာဉ်တိုက်မှုအား ရှာဖွေပြီး မြေပုံ (Map) ပေါ်တွင် ကြည့်ရှုပါ။ နေ့ရက်၊ အချိန် နှင့် တည်နေရာကို မှတ်ယူထားပါ။ ထိုအချိန်က ယာဉ်၏ လုပ်ဆောင်မှုဆိုင်ရာ အချက်အလက်များကို စုဆောင်းပါ။ မည်သည့် exceptions ကိုမဆို မှတ်ထားပါ။
  2. Collision နှင့် Log Data ကို ပြန်လည်သုံးသပ်ပြီး (ယာဉ်)တိုက်မှု အဆင့်ကို အတည်ပြုပါ။ကြီးမားသော G-force ဖြစ်ရပ်ကို ရှာပါ။ ထို့နောက် ယာဉ်တိုက်မှုမဖြစ်မှီ နှင့် ဖြစ်အပြီးတွင် ယာဉ်မောင်းသည် အရှိန်မည်မျှ နှင့် သွားနေသည်ကို နားလည်ရန်အတွက် အပေါ် နှင့် အောက် မှတ်တမ်းများကို လိုက်ဖတ်ကြည့်ပါ။ထို့နောက် ရှေ့ နှင့် နောက်၊ အပေါ် နှင့် အောက်၊ ဘေးမှဘေး ဖြစ်စေ ရုတ်ချည်းတက်သွားသော အရှိန် သို့မဟုတ် ထိုးကျသွားသော အရှိန် ကိုရှာပါ။
  3. Engine Measurements နှင့် Accelerometer Graph ကို စစ်ဆေး၍လည်း ထိခိုက်မှုတွင် ယာဉ်၏ မည်သည့်နေရာသို့ တိုက်မိသည်ကို ရှာဖွေပါ။ ထိခိုက်မိသည့်အချိန်၏ ရှေ့  နှင့် နောက် မှတ်တမ်းကိုပါ စစ်ဆေးကြည့်ပါ။
  4. Speed Profile နှင့် RPM Graph ကိုကြည့်၍ ယာဉ်၏ တိုက်မှု မဖြစ်ခင်နှင့် ဖြစ်အပြီး အရှိန်နှုန်း၊ အလျင်စလို မောင်းနှင်မှု နှင့် ယာဉ်မောင်းတုံ့ပြန်မှုကို စစ်ဆေးပါ။












Post a Comment

Previous Post Next Post